ကတိမဖျက်ကြပါနဲ့

တစ်ခါတုန်းက ရွှေရင်ထွားထွားနဲ့
ဘုရင့်သမီးတော် တစ်ပါးရှိတယ်။


နဂါးကိုနှိမ်နင်းနိုင်လို့ သူရဲကောင်းဖြစ်နေတဲ့
နစ်ခ် ဆိုသူက ဘုရင့်သမီးရဲ့ ရွှေရင်သိမ်းသစ်ကို
စွဲလမ်းနေမိတယ်။

သွားကိုင်ကြည့်ချင်တဲ့ သူ့ဆန္ဒကို
အကောင်အထည်ဖော်ရင် သေဒဏ်ပေးခံရမှာ
သိပေမယ့် မကြံစည်ပဲလည်း မနေနိုင်ဘူး။

တစ်ရက် သူ့ သူငယ်ချင်း "ဟိုရေးရှိုး" ကို
သူ့ဆန္ဒတွေ ဖွင့်ဟလိုက်မိတယ်။
"ဟိုရေးရှိုး" က ဋရင့်သမားတော် ဖြစ်တာကြောင့်
နစ်ခ်ရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးနိုင်တယ်။
ဒါပေမဲ့ ရွှေဒင်္ဂါး ၁၀၀၀ ပေးရမယ်လို့ စျေးခေါ်တယ်။
နစ်ခ်က မဆိုင်းမတွ သဘောတူလိုက်တယ်။

နောက်နေ့ ဘုရင့်သမီးရေချိုးနေတုန်း
သူမရဲ့ ရင်စည်းထဲကို ယားယံစေတဲ့အမှုန့်တွေ
သမားတော်က တိတ်တဆိတ်ထည့်လိုက်တယ်။ 

အဲဒီရင်စည်း ပြန်ဝတ်မိတဲ့ သမီးတော်ခမျာ
မခံနိုင်အောင်ယားယံတော့တာပေါ့။ 

ဒါကို ဘုရင်ကြီးသိတော့
သမားတော် "ဟိုရေးရှိုး" ကို ဆင့်ခေါ်ပြီး
အကြံတောင်းတယ်။

"ဟိုရေးရှိုး"က လူ့တံတွေးတစ်မျိုးနဲ့ ၄ နာရီလောက်
သုတ်လိမ်းလိုက်ရင် ပျောက်ကင်းနိုင်ကြောင်း၊
ထိုတံတွေးမျိုး ပိုင်ဆိုင်သူဟာလည်း
နစ်ခ် တစ်ဦးတည်းသာ ရှိကြောင်း
ဂျင်းထည့်ပြီး လျောက်တင်တယ်။

ဒါနဲ့ဘုရင်က နစ်ခ်ကို အမြန်ခေါ်ခိုင်းလိုက်တယ်။
သမားတော်က နစ်ခ်ကို အဆိပ်ဖြေဆေးပေးလိုက်ပြီး
နစ်ခ်က ဆေးကို သူ့ပါးစပ်ထဲ သုတ်လိမ်း
ထားလိုက်တယ်။ 

ဒီလိုနဲ့ နောက် ၄ နာရီလုံးလုံး နစ်ခ်ဟာ
ဇိမ်ကျနေတော့တာပေါ့။
နောက်ဆုံး သမီးတော်ရဲ့ယားနာ ပျောက်ကင်းပြီး
နစ်ခ်လည်း သူရဲကောင်းဖြစ်သွားတယ်။

သူ့အဆောင်ကို နစ်ခ်ပြန်ရောက်တဲ့အခါ
သမားတော်က ရွှေဒင်္ဂါး ၁၀၀၀ လာတောင်းတယ်။
နစ်ခ်က သူ့ဆန္ဒတွေပြည့်ဝသွားပြီဆိုတော့
မပေးချင်တော့ဘူး။
သမားတော်က ဘုရင်ကို ပြန်မတိုင်ရဲမှန်းလည်း
သူက သိနေတာကိုး။
ဒါကြောင့် မပေးနိုင်ဘူးလို့ ငြင်းလွှတ်လိုက်တယ်။

(သင်သာ သမားတော်ဆိုရင် ဘာလုပ်မလဲ)

"ဟိုရေးရှိုး" ကတော့ ဘာမှပြန်မငြင်းပဲ
ခေါင်းငိုက်စိုက်နဲ့ ပြန်သွားရှာတယ်။

နောက်တစ်နေ့ ဘုရင့်ရဲ့အတွင်းခံဘောင်းဘီထဲကို
ယားယံမှုန့်တွေရောက်အောင် သူ့နည်းသူ့ဟန်နဲ့
လုပ်လိုက်တယ်။
အဲ့တော့ ဘုရင်ကြီး ယားပြီလေ...
နစ်ခ်ကို အမြန်ခေါ်ပြီး ရှေ့တော်သွင်းစေပေါ့။

ဘုရား ဘုရား ၄ နာရီနဲ့ ပျောက်မှ ပျောက်ပါ့မလား😂

( သင်ခဏ်းစာ ။ ။ ကတိမဖျက်ကြပါနဲ့ )

ဘာရယ်မဟုတ်ပါဘူး ခုရက်ထဲ မနတ်ပိုက်ဆံ လွှဲလိုက်ပါမယ် ထုတ်ထားပေးပါ ဆိုပီး ပျောက်ပျောက်သွားတက်ကြလို့ ဟွင်းဟွင်း 😎

Credit:မူရင်းရေးသားသူသို့ လေးစားစွာဖြင့်...